ရွာငံမြို့နယ်တွင် ကြက်ဥအကြီးစားအရွယ်ခန့် မိုးသီးများကြွေကျမှုအတွင်း နေအိမ်များပျက်စီးမှုတန်ဖိုးပင် ကျပ်သိန်း ပေါင်း ၃၈၀၀ နီးပါး ရှိခဲ့ဟု သိရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ဧပြီလ ၂၃ ရက်က ကြက်ဥအကြီးစား အရွယ်ခန့် မိုးသီးများကြွေကျခဲ့တဲ့ဖြစ်စဉ်အတွင်း နေအိမ်များပျက်စီးမှုတစ်ခုတည်းမှာတင် ကျပ် ၃၇၈၁ သိန်း ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရွာငံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရပါတယ်။