နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို တရုတ်သမ္မတက ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရက မြန်မာအစိုးရအား ယွမ် သန်း ၁၀၀၀ ကူညီပေးမည့်ကိစ္စကို ထည့်သွင်းဆွေးနွေး
ခေတ်သစ်ပိုးလမ်းမစီမံကိန်းဒုတိယကြိမ်မြောက်ဆွေးနွေးပွဲ တက်ဖို့ ပေကျင်းမြို့ကိုရောက်ရှိနေတဲ့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သမ္မတရှီကျင်းပင်က ဧပြီ ၂၄ ရက်နေ့က ပေကျင်းရှိ ပြည်သူ့ခန်းမမှာလက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်အစိုးရက မြန်မာအစိုးရအား ယွမ် သန်း ၁၀၀၀ ကူညီ ပေးမယ့်ကိစ္စကို ထည့်သွင်းဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။