ခင်ဦးမြို့နယ်ရှိ သမိုင်းဝင်ပင်တင်းရေလှောင်ကန်ကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ အကြီးစားပြုပြင်ခြင်းလုပ်ငန်း ကြန့်ကြာနေမှုကြောင့် မိုးစပါးစိုက်ပျိုးချိန်အမီ မပြီးမည်ကို ဒေသခံတောင်သူများစိုးရိမ်နေ
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ပျူခေတ်(အေဒီ ၄ ရာစုခန့်)က စတင်ဆယ်ဖို့ခဲ့တဲံ သမိုင်းဝင်ပင်တင်း ရေလှောင်ကန် (သို့) မောရဂီဝါကန်တော်ကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က အကြီးစားပြုပြင်နေမှုဟာ လုပ်ငန်းပိုင်းဆိုင်ရာ ကြန့်ကြာမှုများရှိနေတာကြောင့် မိုးစပါး စိုက်ပျိုးချိန်အမီ မပြီးမှာကိုဒေသခံတောင်သူများက စိုးရိမ်နေတယ်လို့ သိရပါတယ် ။