အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် နိုင်ငံသားအကျဉ်းသား/အကျဉ်းသူ ၆၉၄၈ ဦးအား နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပေး
အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံသားအကျဉ်းသူ/အကျဉ်းသား ၆၉၄၈ ဦးကို လွတ်ငြိမ်းသက်သာ ခွင့်ပေးလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံး က အမိန့်အမှတ် ၁၅/၂၀၁၉ နဲ့ ဒီနေ့ ဧပြီလ ၂၆ရက်နေ့ နံနက်ပိုင်းက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ် ။