ဒိုင်များကို ဘောလုံးအကြောင်းနားမလည်သူများဟု ဝေဖန်ခဲ့သည့် နေမာ ဥရောပပြိုင်ပွဲကစားခွင့် သုံးပွဲပယ်ခံရ
ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ တာဝန်ယူခဲ့တဲ့ ဒိုင်လူကြီးတွေကို ဘောလုံးအကြောင်းနားမလည်သူတွေလို့ ဝေဖန်ခဲ့သူ PSG တိုက်စစ်မှူးနေမာ ဥရောပပြိုင်ပွဲ ကစားခွင့်သုံးပွဲ ပိတ်ပင်ခံခဲ့ရပါတယ်။