ရန်ကုန်မြို့မှာ ဧပြီလ(၂၆)ရက်နေ့က အပူချိန်(၄၂.ဝ)စင်တီဂရိတ်ကို ရောက်ရှိခဲ့ပြီး နှစ်ပေါင်း(၅၁)အတွင်း အမြင့်ဆုံး အပူချိန်စံချိန်သစ်တင်ခဲ့ကာ ဧပြီလ(၂၇)ရက်နေ့မှာ အပူချိန်(၄၂.၂)ဒီဂရီစင်တီဂရိတ်အထိ ထပ်မံမြင့်တက်ရောက်ရှိခဲ့ပြီး အမြင့်ဆုံးအပူချိန်စံချိန်သစ် ထပ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ချက်အရ သိရပါတယ်။