အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာတဲ့အချိန်မှာ ဒါရိုက်တာအနေနဲ့ ဦးဆောင် ရိုက်ကူးမယ့် သုံးကားမြောက်ဇာတ်ကား “ဒဏ္ဍာရီပင်လယ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရေသူမနဲ့လူသား အချစ်ဇာတ်လမ်းဖြစ်ပြီး အဆိုပါဇာတ်ကားကို ပရိသတ်တွေအနေနဲ့ကြည့်ရှုခံစားတဲ့အချိန်မှာ ပုံပြင်တစ်ပုဒ် လာနားထောင်ပြီး ကာတွန်ကားတစ်ကားလာကြည့်ရတာမျိုးမဟုတ်ပဲနဲ့အသိတရားနဲ့ပညာပေးတွေကို ထည့်သွင်းပြီးတော့ သေချာရိုက်ကူးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ပရဟိတလုပ်နေတဲ့ကျော်သူဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းသိန်းရမှာကြောင့် ခပ်ပေါ့ပေါ့ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးမှာမဟုတ်တဲ့အကြောင်းကို အခုလိုပဲပြောပါတယ်။
ပရဟိတလုပ်နေတဲ့ဂုဏ်ကို ထိန်းသိမ်းဖို့အတွက် ခပ်ပေါပေါဇာတ်ကားတွေ ရိုက်မှာမဟုတ်ဘူးလို့ဆိုတဲ့ အကယ်ဒမီ ကျော်သူ