နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါများကို အဓိကထား ကုသပေးမည့် ကုတင်(၃၀၀)ဆံ့ ရန်ကုန်အထူးကုဆေးရုံသစ်ကြီးကို မေလ ၁ ရက်တွင် စတင်တည်ဆောက်မည်
နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါတွေကို အဓိကထားကုသပေးမယ့် ကုတင် ၃၀၀ ဆံ့ ရန်ကုန်အထူးကု ဆေးရုံသစ်ကြီးကို ဂျပန်အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး မေလ ၁ ရက်နေ့မှာ စတင်တည်ဆောက်သွားမယ်လို့ သိရပါတယ်။