ရာသီဥတု အပူဒဏ် အလွန်မြင့်တက်နေသည့် မကွေးတိုင်းအတွင်း မြန်မာ့ရိုးရာ သောက်ရေအိုးများ အရောင်းသွက်နေ
နေ့စဉ်အပူချိန် (၄၀)ဒီဂရီစင်တီဂရိတ်နဲ့ အထက်မှာရှိနေတဲ့ မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာသောက်ရေအိုးများ အရောင်းသွက် နေတယ်လို့ အိုးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ အိုးရောင်းသူတွေထံက သိရပါတယ်။