တရုတ်ဝယ်လက်ရှိနေမှုကြောင့် ရေသွင်းပဲတီစိမ်း(အညာစ) မန္တလေးစျေးကွက်တွင် ယခင်နှစ်ကာလတူထက် စျေးပိုကောင်းနေ
မြန်မာပြည်ကထွက်တဲ့ ပဲတီစိမ်းကို ၇၅ ရာခိုင်နှုန်းအထိ တရုတ်ပြည်ကဝယ်ယူနေတာကြောင့် ရေသွင်းပဲတီစိမ်း(အညာစ)ဟာ မန္တလေးစျေးကွက်မှာ ပြီးခဲ့တဲ့နှစ်ကာလတူထက် စျေးပိုကောင်းနေတယ်လို့ မန္တလေးပဲကုန်သည်တွေဆီကနေ သိရပါတယ်။