ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ပြဿနာများကို ထိုင်းအေဂျင်စီများနှင့် ပူးပေါင်းဖြေရှင်းနိုင်ရန် ဆောင်ရွက်နေ
ထိုင်းနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအရေးကိစ္စတွေကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၊ မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့အတူ ထိုင်းအလုပ်အကိုင်အေဂျင်စီတွေနဲ့ ပူးပေါင်းဖြေရှင်းနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးရဲ့ ဥပဒေအကြံပေးအရာရှိဖြစ်သူ ဦးအောင်မျိူးသန့်က ပြောကြား ပါတယ်။