“လူတွေရဲ့အသက်တင်မက ဘဝတွေကိုပါဖျက်ဆီးခဲ့တဲ့ နာဂစ်မုန်တိုင်း ၁၁ နှစ်ပြည့်ပြီးနောက်မှာ ဘေးဒဏ်သင့် ပြည်သူတွေဘဝ ဘာတွေပြောင်းလဲလာခဲ့ပြီလဲ”
■ မြန်မာနိုင်ငံသမိုင်းတလျှောက် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်များအနက် အဆိုးဝါးဆုံးဖြစ်ခဲ့ပြီး၊ ကမ္ဘာ့သမိုင်းတွင် အပျက်အစီး ဆုံးရှုံးမှုအများဆုံး သဘာဝဘေးအဖြစ် နံပါတ်(၈)အဆင့်ရှိခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံကို ၂၀၀၈ခုနှစ်၊ မေလ ၂ ရက်နေ့ ညနေပိုင်းကနေ စတင်ပြီးတော့ တိုက်ခတ်ခဲ့ပါတယ်။