ကိုယ်မကြိုက်တဲ့ကားကိုရိုက်နေရတဲ့အချိန်တွေထက် အိမ်မှာရုပ်ရှင်ကြည့်ရတာ ကိုပိုမက်မောတယ်၊ ကိုယ်ရိုက်မယ့်ဇာတ်က ကိုယ်တိုင်ကြိုက်ဖို့လိုတယ်ဆိုတဲ့ အောင်ရဲလင်း
ရုပ်ရှင်တွေကို ကိုယ်တိုင်အကြိုက်တွေ့တဲ့ ဇာတ်လမ်းမျိုးမှသာ စိစစ်ပြီးရိုက်ကူးတတ်တဲ့ သရုပ်ဆောင် အောင်ရဲလင်းကတော့ မကြိုက်တဲ့ဇာတ်ကားကိုလက်ခံရိုက်ကူးရင် လုပ်တဲ့အလုပ်က အရာထင်မှာ မဟုတ်သလို အဲဒီဇာတ်ကားထွက်လာရင်လည်း စိတ်ညစ်ရမှာမို့ ကိုယ်တိုင် မကြိုက်တဲ့ကားကိုရိုက် နေရတဲ့ အချိန်တွေထက် အိမ်မှာရုပ်ရှင်ကြည့်ရတာ ကိုပိုမက်မောတယ်လို့ ဆိုပါတယ်။