၁၉၈၂ နိုင်ငံသားဥပဒေနှင့်ပတ်သက်ပြီးဥပဒေပြင်ဆင်ရေးဆိုသည့် လမ်းကြောင်းတစ်ခုတည်းသွားခြင်းမျိုးမှာမသင့်တော်ဟုကိုဖီအာနန်ကော်မရှင်အကြံပြုချက်များအကောင်အထည်ဖော်ရေးကော်မတီ အကြံပေးအဖွဲ့ဝင်ဟောင်းပြော
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ကော်မရှင်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်များထဲမှာပါဝင်တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်သင့်ကြောင်းဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးဥပဒေပြင်ဆင်ရေးဆိုတဲ့ လမ်းကြောင်းတစ်ခုတည်းကိုသွားခြင်းမျိုးဟာမသင့်တော်ဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအကောင် အထည်ဖော်ရေးကော်မတီအကြံပေးဘုတ်အဖွဲ့ဝင်ဟောင်း အမေရိကန်-ဗြိတိန်လူမျိုး Lord Darzi of Denham က ပြောပါတယ်။