ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်တွင် လူသုံးယောက်စီးလာသော ဆိုင်ကယ်က ရပ်ထားသော ၂၂ ဘီး တွဲကားကို အနောက်မှ ဝင်တိုက်မှုကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရန်ကုန် - မန္တလေး လမ်းမဟောင်းပေါ်မှာ မေ ၈ ရက်နေ ့ ညနေပိုင်းက ရန်ကုန်ဘက်မှ မန္တလေးဘက်သို ့လူသုံးယောက်စီးလာသော ဆိုင်ကယ်တစ်စီးဟာ ရပ်ထားသော ၂၂ ဘီး တွဲကားကို အနောက်မှ ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူတစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ညောင်လေးပင်မြို့မရဲစခန်းက သိရပါတယ်။