နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို ဒီဂျစ်တယ်စနစ်ဖြင့် အဆင့်မြှင့်ကာ စမတ်ကတ်ပြောင်းထုတ်ပေးမည့် လုပ်ငန်းကို ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေပြောကြား
လူမှုစီးပွားဆိုင်ရာကိစ္စရပ်တွေကို အကောင်အထည်ဖော်ရာမှာ ပိုမိုလွယ်ကူစေဖို့ e-ID Population Registry စနစ်ကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကို ဒီဂျစ်တယ်စနစ်ဖြင့် အဆင့်မြှင့် တင်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားကို စမတ်ကတ်အဖြစ် ပြောင်းလဲထုတ်ပေးမယ့် လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။