■ ထောင်တွင်းဆူပူမှုများဖြစ်ပွားခဲ့သည့် ရွှေဘို အကျဉ်းထောင်တွင် သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ရပြီး သာယာဝတီ ၊ ပုသိမ် ၊ မြစ်ကြီးနား အကျဉ်းထောင်များတွင်လည်း အကျဉ်းသားတောင်းဆိုမှုများရှိခဲ့
■ ထောင်တွင်းဆူပူမှုများ ဖြစ်ပေါ်ခြင်းသည် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များ ချို့ယွင်းမှုရှိ၍ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌပြောကြား
■ မီတာခနှုန်းထားများ ပြောင်းလဲကောက်ခံရန်တင်ပြထားမှုကို နိုင်ငံတော်အကြီးအကဲများမှ မူအရလက်ခံထားပြီး ယခုအစိုးရ သက်တမ်းကာလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား
■ လီဗာပူးလ်အသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပြန်လည်ကစားနိုင်ရန် ဟာရီကိန်း မျှော်လင့်
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်၏ လက်ရုံးဖြစ်သူ လွှတ်တော်ဒုဥက္ကဋ္ဌကို ထောက်လှမ်းရေးက ဖမ်းဆီးခေါ်ဆောင်သွား အစရှိတဲ့သတင်းတွေအပြင် ပြည်တွင်း နှင့်နိုင်ငံတကာ သတင်းတွေပါဝင်ပါတယ် ။