ယူရိုပါလိဂ်ဗိုလ်လုပွဲကိုရောက်ရှိရုံဖြင့် အောင်မြင်မှု မရရှိသေးဟု အသင်းသားများကို အာဆင်နယ်နည်းပြ အမ်မရီ သတိပေး

ယူရိုပါလိဂ်ဗိုလ်လုပွဲကိုရောက်ရှိရုံဖြင့် အောင်မြင်မှု မရရှိသေးဟု အသင်းသားများကို အာဆင်နယ်နည်းပြ အမ်မရီ သတိပေး
Published 10 May 2019

အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက ဗလင်စီယာကိုကျော်ဖြတ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပေမယ့် ဖိုင်နယ်ပွဲစဉ်ကိုရောက်ရှိရုံနဲ့ အောင်မြင်မှု မရသေးဘူးလို့ အသင်းသားတွေကို သတိပေးပြောကြားခဲ့ပါတယ်။