ပြည်မြို့နယ်အတွင်း ၂၀၁၈ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကြွေးကျန် ကျပ်သန်းပေါင်း ၅၅၀၀ ကျော်အထိရှိနေပြီး ယခင်နှစ်ထက် ၁၁ ဆ ကျော် ပိုများနေ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကြွေးကျန်ဟာ ငွေ ကျပ်သန်းပေါင်း ၅၅၀၀ ကျော်အထိရှိနေပြီး အရင်နှစ်ကထက် ၁၁ ဆကျော် ပိုမိုကျန်ရှိနေကာ ပြန်ဆပ်ဖို့ စည်းရုံးတိုက်တွန်းနေရ တယ်လို့ မြို့နယ်မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ထံကနေ သိရပါတယ်။