အပြင်မှာတကယ် ဖြစ်ရင် ဘယ်လိုခံစားရမလဲဆိုတဲ့ဇာတ်ကောင်ဒေါင်းနီ စိတ်သွင်းပြီးပြင်းထန်တဲ့မုဒ်နဲ့ သရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်
သက်ငယ်မုဒိန်းပပျောက်ရေးကို ရည်ရွယ်ရိုက်ကူးထားတဲ့ ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားမှာ သက်ငယ်မုဒိန်းကျူးလွန်ခြင်းခံရတဲ့ သမီးဖြစ်သူ၏ မိခင်နေရာတွင် ထိမိတဲ့ သရုပ်ဆောင်ချက်များနဲ့ သရုပ်ဆောင်ထားတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ အပြင်မှာတစ်ကယ် ဖြစ်ရင် ဘယ်လိုခံစားရမလဲဆိုတဲ့ဇာတ်ကောင်ဒေါင်းနီ စိတ်ကိုသွင်းပြီး ပြင်းထန်တဲ့မုဒ်တွေနဲ့ သရုပ်ဆောင်ခဲ့ရတယ်လို့ဆိုကာ မိခင်တစ်ယောက် အနေနဲ့ သက်ငယ်မုဒိန်းနဲ့ပက်သက်တဲ့ သတင်းတွေတက်လာရင်မခံစားနိုင်လို့ ဆက်မဖတ်ချင် မသိချင်လောက်အောင်ဖြစ်ရတယ်လို့ ဆိုပါတယ်။