မရမ်းကုန်းမြို့နယ်ရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်း၏ စာသင်ခန်းအတွင်းမီးစက် မီးခိုးငွေ့ဝင်ကာ ကလေး၂၀ ခန့်အပါအဝင် ၂၄ ဦးမူးမေ့သတိလစ်မှုဖြစ်ပွားခဲ့
မရမ်းကုန်းမြို့နယ်ရှိ Educator English Language School အမည်ရှိပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းမှာစာသင်နေချိန် အခန်းအတွင်းသို့ မီးစက်မီးခိုးငွေ့ဝင်ကာ ကလေး ၂၀ ခန့့်အပါအဝင် ၂၄ ဦးမူးမေ့သတိလစ်မှု ဒီကနေ့ မေ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့ပြီးရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ တင်ပို့ကုသခဲ့ရတယ်လို့ သိရပါတယ်။