ရုပ်သံအင်တာဗျူးအစီအစဉ်တွင် အမျိုးသမီး ရုပ်သံတင်ဆက်သူကို အနမ်းပေးခဲ့သည့် ဘူဂေးရီးယား လက်ဝှေ့သမား ကယ်လီဖိုးနီးယားပြည်နယ်တွင် လက်ဝှေ့ထိုးသတ်ခွင့် ပိတ်ပင်ခံရ
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ လက်ဝှေ့ပွဲအပြီး အင်တာဗျူးမှာ အမျိုးသမီး ရုုပ်သံအစီအစဉ် တင်ဆက်သူတစ်ဦးကို နမ်းရှုပ်ခဲ့တဲ့ ဘူဂေးရီးယား လက်ဝှေ့သမားတစ်ဦးကို ကယ်လီဖိုးနီးယား အားကစား ကော်မရှင်က ဇူလိုင်လအထိ လက်ဝှေ့ထိုးသတ်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။