ပုသိမ်ကြီးမြို့နယ်ရှိ ဘိလပ်မြေစက်ရုံစီမံကိန်းပြဿနာပြေလည်စေရန် သမ္မတ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်ထောင်စုအဆင့်က ဖြေရှင်းဆောင်ရွက်ပေးရန် ဒေသခံများတောင်းဆို
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းပြဿနာ ပြေလည်စေဖို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်ထောင်စုအဆင့်က ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း အောင်သပြေကျေးရွာ ဒေသခံတွေက မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့ပါတယ်။