Lion Air လေကြောင်းလိုင်းမှ ပျက်ကျခဲ့သည့်လေယာဉ်မှာ ခရီးစဉ်မတိုင်မီကတည်းက မပျံသန်းသင့်ခဲ့သည့်လေယာဉ်ဖြစ်ဟု အင်ဒိုနီးရှားထုတ်ပြန်
ပြီးခဲ့တဲ့လက ပျက်ကျခဲ့တဲ့ Lion Air လေကြောင်းလိုင်းမှ လေယာဉ်ကို နည်းပညာပိုင်းဆိုင်ရာပြဿနာများကြောင့် ပျံသန်းခွင့်မပြုသင့်ခဲ့ဘူးလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။