ဧရာဝတီတိုင်းအစိုးရဟောင်းမှ အစိုးရသစ်ထံ အပ်နှံခဲ့ခြင်းမရှိဘဲ ဖောင်ဒေးရှင်းတစ်ခုထံ လွှဲပြောင်းပေးခဲ့သည့် တိုင်းဖွံဖြိုးရေးရန်ပုံငွေများ အပြည့်အဝပြန်ပေးမည်ဆိုသောကြောင့် တရားစွဲရန်မရှိတော့ဟုဆို
အစိုးရအကူးအပြောင်းကာလမှာ ဦးသိန်းအောင်ဦးဆောင်တဲ့ ဧရာဝတီတိုင်းအစိုးရဟောင်းက အစိုးရ သစ်ထံ လွှဲပြောင်းပေးခဲ့ခြင်း မရှိဘဲ ဖောင်ဒေးရှင်းတစ်ခုကို လွှဲပြောင်းပေးခဲ့တဲ့ တိုင်းဖွံဖြိုးရေးရန်ပုံငွေ (၅.၂)ဘီလျံကို ဖောင်ဒေးရှင်းဘက်က အပြည့်အဝ ပြန်လည်ပေးအပ်သွားမယ်ဆိုတာကြောင့် တရားစွဲဆိုသွားဖို့ မရှိတော့ဘူးလို့ လက်ရှိတိုင်းအစိုးရအဖွဲ့က ပြောပါတယ်။