INVINCIBLE ရုပ်ရှင်ဇာတ်ကားမှာ မြန်မာလူမျိုးဆိုတာ သိစေချင်လို့ မြန်မာစကားတစ်ခွန်း ထည့်ပြောထားတယ်ဆိုတဲ့ မေမြတ်နိုး
နိုင်ငံတကာမှာ မကြာခင် ရုံတင်ပြသတော့မယ့် INVINCIBLE အက်ရှင်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားမှာ ဟောလိဝုဒ်စတား Johnny Strong နဲ့တွဲဖက်ကာ အဓိက အမျိုးသမီးသရုပ်ဆောင် တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ မေမြတ်နိုးက အဆိုပါ ရုပ်ရှင်ဇာတ်ကား အစအဆုံး အင်္ဂလိပ်လိုပြောပြီး သရုပ်ဆောင်ခဲ့ရပေမယ့် သူမကို မြန်မာနိုင်ငံကဆိုတာ သိစေချင်တဲ့အတွက် တာဝန်ရှိသူတွေကို ခွင့်တောင်းပြီး မြန်မာစကားတစ်ခွန်းကို ထည့်ပြောခဲ့တယ်လို့ သရုပ်ဆောင် မေမြတ်နိုးက ပြောပါတယ်။