၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာနှင့် ထိုင်း ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် FIFA ထံ လျှောက်ထား
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ၂၀၂၁ ခုနှစ်မှာကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိုင်းနိုင်ငံနဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ထံ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။