ဘာလီကျွန်းရှိ မောင့်အာဂွန် မီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရ
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ မောင့်အာဂွန် မီးတောင်ဟာ မေလ ၂၄ ရက်နေ့ ညပိုင်းက ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်မျက်နှာအသီးသီးကို ၃ကီလိုမီတာ အကွာအဝေးအထိ ချော်ရည်တွေ မှုတ်ထုတ်ခဲ့တာကြောင့် လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။