ယခုနှစ်နွေရာသီ ပူပြင်းမှုကြောင့် အင်းလေးကန်တွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော် ရေခန်းခြောက်နေပြီး သွား လာရေးခက်ခဲမှုကြုံတွေ့
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်မှာ ယခုနှစ် နွေရာသီ အလွန်ပူပြင်းတာကြောင့် ကန်အတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်မှာ ရေခန်းခြောက်နေပြီး သွားလာရေးခက်ခဲမှုကြုံတွေ့နေရတယ်လို့ သိရပါတယ်။