ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ခြောက်ဦး ဖမ်းဆီးထားပြီး ပါဝင်သူများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနဲ့ပတ်သက်လို့ လတ်တလောတွင် အလွတ်တန်း သတင်းထောက် တစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦးခန့်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီး ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူများကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေ ၂၆ ရက်တွင် သတင်းထုတ်ပြန်ပါတယ်။