တောင်ကြီးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ရန်ကုန်နှင့် ရှမ်းပြည်နယ်တို့မှ ပန်းချီဆရာ ၆၀ ဦး ပူးပေါင်းပန်းချီပြပွဲပြုလုပ်နေပြီး ရရှိငွေများထဲမှသုံးပုံတစ်ပုံကို လှူဒါန်းသွားမည်ဟုဆို
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ရန်ကုန်မှ ပန်းချီဆရာ ၃၀ ဦးနဲ့ ရှမ်းပြည်နယ်မှ ပန်းချီဆရာ ၃၀ ဦးပူးပေါင်းကာ မေလတမ်းချင်း ပန်းချီကားပြပွဲကို မေလ ၂၅ ရက်က စကာ သုံးရက်ကြာ ပြုလုပ်နေပြီး ရရှိသော ရန်ပုံငွေ သုံးပုံတစ်ပုံကို လိုအပ်တဲ့နေရာတွေထံ လှူဒါန်းသွားမယ်လို့ ပွဲကျင်းပရေးကော်မတီထံမှ သိရပါတယ်။