ကယားပြည်နယ်ရှိ တင်ဒါရ ကုမ္ပဏီများ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအား ပြည်နယ် လွှတ်တော်ရေးရာကော်မတီမှ သွားရောက် စစ်ဆေးရာတွင် အရည်အသွေး မပြည့်မီမှုများတွေ့ရှိ
ကယားပြည်နယ်တွင်းရှိ တင်ဒါရ ကုမ္ပဏီတွေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအား သက်ဆိုင်ရာ ဝန်ကြီးနှင့် တာဝန်ရှိသူများမှ လာရောက်ကြည့်ရှု စစ်ဆေးပြီးပေမဲ့လည်း ပြည်နယ် လွှတ်တော်ရေးရာ ကော်မတီမှ သွားရောက် စစ်ဆေးရာမှာ အရည်အသွေး မမှီမှုများ တွေ့နေရတယ်လို့ သိရပါတယ်။