မိမိ၏ အရည်အသွေးအပေါ် ယုံကြည်မှု ရှိသည့်အတွက် ပရီးမီးယားလိဂ်နှင့် စီးရီးအေတို့တွင် ကစားခွင့် ရပါကလည်း ခြေစွမ်းပြနိုင်လိမ့်မည်ဟု ယိုဗစ် ပြော
ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး ယိုဗစ်က လက်ရှိအချိန်မှာ ပြသနေတဲ့ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိတဲ့အတွက် ပရီးမီးယားလိဂ် ဒါမှမဟုတ် စီးရီးအေတို့မှာ ကစားခွင့်ရမယ် ဆိုရင်လည်း ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။