လာအိုနိုင်ငံတွင်ရောက်ရှိနေသည့် တရားမဝင်အလုပ်သမားများ လေးသောင်းခန့်ရှိပြီးဥပဒေအကာအကွယ်ရရှိရန် MoUရေးထိုးနိုင်ရေးညှိနှိုင်းနေဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ပြောကြား
လာအိုနိုင်ငံမှာရောက်ရှိနေတဲ့ တရားမဝင်အလုပ်သမားတွေအတွက် တရားဝင် ဥပဒေအကာအကွယ်ရရှိဖို့ နှစ်နိုင်ငံအစိုးရချင်းMoUရေးထိုးနိုင်ရေးညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကပြောပါတယ်။