ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အမှိုက်စွန့်ပစ်မှု နေရာမဖြစ်ရန် စွန့်ပစ် ပလတ်စတစ် ပစ္စည်းများကို သက်ဆိုင်ရာ နိုင်ငံများသို့ပြန်ပို့မည်ဟုမလေးရှားထုတ်ပြန်
ချမ်းသာတဲ့ နိုင်ငံများအတွက် အမှိုက်စွန့်ပစ်တဲ့ နေရာတစ်ခု မဖြစ်စေဖို့ အမေရိကန် ၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံ များက ပြန်လည် အသုံးမပြုနိုင်တဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတန်ချိန် ၃၀၀၀ ကို မလေးရှားက အဆိုပါ နိုင်ငံတွေဆီ ပြန်ပို့မယ်လို့ မေလ ၂၈ ရက်နေ့မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Yeo Bee Yin က ပြောကြားခဲ့ပါတယ်။