ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်တွင် ဟီဂွါအင်နှင့် ဒေးဗစ်လူးဝစ်ဇ် အချင်းများခဲ့သလို၊ နည်းပြ ဆာရီက ချယ်လ်ဆီးလိုဂိုပါ ဦးထုပ်ကို ဒေါသတကြီးကန်ထုတ်ခဲ့
အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်မှာ ချယ်လ်ဆီးတိုက်စစ်မှူး ဟီဂွါအင်နဲ့ နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်တို့ လေ့ကျင့်ခန်းဆင်းရင်း အချင်းများခဲ့သလို၊ ဒီဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ချယ်လ်ဆီးအသင်းလိုဂိုပါ ဦးထုပ်ကို ဒေါသတကြီးလွှင့်ပစ်ခဲ့ပြီး ကန်ထုတ်ခဲ့တယ်လို့ သိရပါတယ်။