စပါးစျေး ကျနေမှုကို ဖြေရှင်းရန် စီးပွား/ကူးသန်း ဝန်ကြီဌာနက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ ကျပ် ၁၅ ဘီလျံ ချေးပေးရန် စီစဉ်နေ
စပါးစျေး ကျဆင်းနေပြီး တောင်သူတွေဆီက စပါးဝယ်ယူမယ့်သူ မရှိတဲ့ကိစ္စကို ဖြေရှင်းနိုင်ဖို ့မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တောင်းခံထားတဲ့ ကျပ် ၁၅ ဘီလျံကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ချေးပေးနိုင်ဖို့ စီစဉ်ဆောင်ရွက် နေတယ်လို့ ဒုတိယဝန်ကြီး ဦးအောင်ထူး ကပြောပါတယ်။