ရွှေပြည်သာ မီးသတ်ဦးစီး အပါအဝင် ဝန်ထမ်း ၁ဝ ဦးကို ပုဒ်မ ၄ ခုတပ် အမှုဖွင့်ခဲ့သည့် ဆရာဝန် အမျိ်ုးသမီးအား မီးသတ်ဘက်က ပုဒ်မ ၅ ခုဖြင့် ပြန်လည် အမှုဖွင့်
ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီး အပါအဝင် ဝန်ထမ်း ၁ဝ ဦးကို ပုဒ်မ ၄ ခုတပ် အမှုဖွင့်ခဲ့တဲ့ ဆရာဝန် အမျိ်ုးသမီးကို မီးသတ်နှင့် ယာဉ်ထိန်းရဲက တရားလိုပြုလုပ်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ပေးရေး ဥပဒေက ပုဒ်မများနဲ့ ဝတ္တရား နောက်ယှက်မှုတို့ အပါအဝင် ပုဒ်မ ၅ ခုဖြင့် အမှုပြန်လည် ဖွင့်ခဲ့တယ်လို့ ရွှေပြည်သာမြို့မရဲစခန်းမှ သိရပါတယ်။