အိန္ဒိယဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ မေလ၃ဝရက်နေ့ ညပိုင်းမှာ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်မှာ ကျင်းပတဲ့ အိန္ဒိယ သမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီရဲ့ ဒုတိယအကြိမ်ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။