မြန်မာရုပ်ရှင်ဇာတ်ကားအသစ်များကို အိမ်မှာတွင်ပင်ကြည့်ရှုနိုင်ရန်အတွက် " SKY NET CINEMA (PAY PER VIEW) Channel " ကို ဇွန်လရရက်နေ့တွင် စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ရုပ်ရှင်တစ်ကား လျှင် (၁၀၀၀)ကျပ်+ကုန်သွယ်ခွန် ၅% နှုန်းဖြင့် (၁)ပတ်အတွင်းကြည့်ရှုနိုင်မည်ဖြစ်ကာ တစ်လလျှင် လေးကားနှုန်းဖြင့် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ဒီအစီအစဉ် ကိုတော့ မြို့နယ်အလိုက် SKYNET ဆိုင်ခွဲများ ၊ Shwe Bank Mobile App, Shwe Bank Internet Banking နှင့် OK$ Mobile App တို့တွင်လည်းငွေပေးချေဝယ်ယူနိုင်မည် ဖြစ်ပြီး ရုပ်ရှင်လောကအတွက် အကျိုးရှိစေမည့် ဒီအစီအစဉ်နဲ့ပက်သက်ပြီး အနုပညာရှင်များက သူတို့ရဲ့အမြင်ကို ခုလိုမျှဝေခဲ့ပါတယ်။
မြန်မာရုပ်ရှင်ဇာတ်ကားသစ်များအား တစ်ပတ် တစ်ကားနှုန်းဖြင့် ဝယ်ယူကြည့်ရှုနို်င်မည့် " SKY NET CINEMA (PAY PER VIEW) Channel သစ် ကိုဇွန်လအတွင်းထုတ်လွှင့်ပြသမည်