မြဝတီမြို့နယ်တွင် သတင်းမီဒီယာသမားများအား အမှုဖွင့်တရားစွဲဆိုမှုများနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း သတင်းရေးသားနေသော သတင်းမီဒီယာသမားများအား အမှုဖွင့် တရားစွဲဆိုမှုများနဲ့ပတ်သက်လို့ ကန့်ကွက် ရှုတ်ချပွဲကို ဇွန်လ၂ရက်နေ့ နေ့လယ်ပိုင်းက မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ မြစန္ဒီပန်းခြံဝင်း အတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။