ဗြိတိန်နိုင်ငံက ဘက်ကင်ဟမ်နန်းတော်မှာ ကြီးကျယ်ခမ်းနားစွာ တည်ခင်းဧည့်ခံခဲ့တဲ့ နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲ
တက်ရောက်ချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်-ဗြိတိန် ဆက်ဆံရေးကို ထာဝရတည်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှုအဖြစ် ချီးကျူးပြောဆိုခဲ့တယ်လို့ သိရပါတယ်