လိင်ပိုင်းဆိုင်ရာထိပါးသည့်စက်ရုံမှူးကို အလုပ်ထုတ်ပေးရန်အပါအဝင် တောင်းဆိုချက် ၁၂ ချက်ရရှိရေး မြန်မုအထည်ချုပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံခွင့်တောင်း
အမျိုးသမီး စက်ရုံဝန်ထမ်းတွေအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်တဲ့ စက်ရုံမှူးကိုအလုပ်ထုတ်ပေးရန် အပါအဝင် တောင်းဆိုချက် ၁၂ ချက်ရရှိရေးအတွက် မြန်မုအထည်ချုပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားတွေဟာဇွန် ၄ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။