ကျောက်နီမော်ကျေးရွာမှ ဘင်္ဂါလီများကို ကမန်ဟုဆိုကာ နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးထားသည်ဆိုသည့်ကိစ္စ ကိုင်တွယ်မှုမတတ်လျှင် အခက်အခဲများစွာ ဖြစ်လာနိုင်ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ ဘင်္ဂါလီတွေကို ကမန်အဖြစ်အမည်ပြောင်းကာ နိုင်ငံ သား စိစစ်ရေးကဒ်ထုတ်ပေးထားတယ်ဆိုတဲ့ကိစ္စနဲ့့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှု မတတ်ရင် အားလုံးအတွက် အခက်အခဲ များစွာ ဖြစ်လာနိုင်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိုဝင်ဘာ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လွှွတ်တော် အထူးအစည်းအဝေး တတိယနေ့မှာ ပြောကြားခဲ့ပါတယ်။