ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးထားသည့် “လူ့အခွင့်အရေး အချက် ၃၀ ၊ ဇာတ်လမ်းတို ရုပ်ရှင် ၃၀ ” ကို MRTV တွင် ထုတ်လွှင့်ပြသသွားမည်

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးထားသည့် “လူ့အခွင့်အရေး အချက် ၃၀ ၊ ဇာတ်လမ်းတို ရုပ်ရှင် ၃၀ ” ကို MRTV တွင် ထုတ်လွှင့်ပြသသွားမည်
Published 6 June 2019

လူ့အခွင့်အရေးနဲ့ပက်သက်ပြီး ပြည်သူများသိရှိစေဖို့ ပညာပေးအဖြစ်ရည်ရွယ်ရိုက်ကူးထားတဲ့ “လူ့အခွင့်အရေးအချက် ၃၀ ၊ ဇာတ်လမ်းတို ရုပ်ရှင် ၃၀ ” ကို ဇွန်လ၄ရက်နေ့ က Sule Shangrila Hotel မှာအထူးပွဲ ပြသခဲ့ပြီး ဇာတ်လမ်းတိုမှာပါဝင်တဲ့ အနုပညာရှင်၊အတတ်ပညာရှင်များ၊နိုင်ငံတကာမှ သံအမတ်များနဲ့ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါ တယ်။ လတ်တလောမှာ တပ်မတော်က တရားစွဲဆိုကာ ဖမ်းဆီးအကျဉ်းချခြင်းခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးသည့် အဆိုပါ ဇာတ်လမ်းတိုများကို MRTVကနေ ထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်။

Most Viewed

Most Recent