■ ပညာရေးဝန်ကြီးဌာနကနေ ပညာရေးပြုပြင်ပြောင်းလဲမှုများအဖြစ် အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းများကို ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်ကစတင်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ယခုအခါ KG+12 ပညာရေးစနစ်သစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ အခြေခံပညာမူလတန်းအဆင့်အတွက် JICA နှင့် အခြေခံပညာအလယ်တန်းအဆင့်နဲ့ အခြေခံပညာအထက်တန်းအဆင့်တို့အတွက် ADB, EU တို့ရဲ့ အကူအညီများရယူကာ ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်မှာသူငယ်တန်း( KG) သင်ရိုးသစ်ကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်မှာပထမတန်း( Grade 1) သင်ရိုးသစ်၊ ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်မှာဒုတိယတန်း( Grade 2) သင်ရိုးသစ်များကိုအကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။အခု၂၀၁၉- ၂၀၂၀ ပညာသင်နှစ်မှာကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ၂၅ ရက်နေ့မှာ စတင်ခဲ့ပြီး မေလ ၃၁ရက်နေ့အထိ သတ်မှတ်ခဲ့တာဖြစ်ပြီး၊ ဇွန်လ ၃ရက်နေ့မှာတော့ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
Public Voice (ရုပ်သံအစီအစဉ်)
Most Viewed
Most Recent
2 days ago
3 days ago
4 days ago