မိလ္လာစနစ်နှင့်ပတ်သက်ပြီး ခေါင်းစဉ်တူများအောက်တွင် ရန်ကုန်မြို့တော် စည်ပင်ရေနှင့် သန့်ရှင်းမှုဌာနက နှစ်စဉ် ဘတ်ဂျက်များ တောင်းခံနေမှုကို မြေပြင်တွင် စိစစ်သင့်ဟု လွှတ်တော်ကော်မတီ အကြံပြု
မိလ္လာစနစ်နှင့် ပတ်သက်တဲ့ လုပ်ဆောင်မှုများအတွက် ခေါင်းစဉ်တူများအောက်တွင် ရန်ကုန်မြို့တော် စည်ပင်ရေနှင့် သန့်ရှင်းမှုဌာနမှ နှစ်စဉ်ဘတ်ဂျက်များ တောင်းခံနေမှုအား မြေပြင်မှာ မည်သို့ သုံးစွဲနေသလဲဆိုတာကို ဌာနဆိုင်ရာနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပြီး စိစစ်သင့်တယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီက အကြံပြုခဲ့ပါတယ်။