ကိုကိုးကျွန်းသို့ ပြေးဆွဲမည့်သင်္ဘော ဝယ်ယူရန် ၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးနှင့် စုပေါင်း ရာဇဝတ်ရုံး တည်ဆောက်ရန် ကျပ်သန်း ၁၆၀၀၀ တောင်းခံမှုအား ရန်ကုန်တိုင်း၏၂၀၁၉-၂၀၂၀ လျာထား ဘတ်ဂျက်တွင် ပယ်ဖျက်ခြင်း မပြုခဲ့
လွှတ်တော် ကိုယ်စားလှယ်များ အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ ကိုးကိုးကျွန်းကို ပြေးဆွဲမယ့်သင်္ဘော ဝယ်ယူဖို့၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး တည်ဆောက်ဖို့နဲ့ စုပေါင်း ရာဇဝတ်ရုံး တည်ဆောက်ဖို့ ကျပ်သန်း ၁၆၀၀၀ တင်ပြ တောင်းခံမှုအား တိုင်းဒေသကြီးရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက်တွင် ပယ်ဖျက်ခြင်း မပြုခဲ့ဘဲ ဝန်ကြီးချုပ်ထံ တင်ပြကာ ဘဏ္ဍာရေးကော်မရှင်ထံ ပေးပို့သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။