သမိုင်းဝင်ပင်တင်းရေလှောင်ကန် ၏ ပြုပြင်ရန်ကျန်နေသည့်အပိုင်းများကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှရရှိမှုအပေါ် မူတည်ကာ အနီးဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် သွားမည်

သမိုင်းဝင်ပင်တင်းရေလှောင်ကန် ၏ ပြုပြင်ရန်ကျန်နေသည့်အပိုင်းများကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှရရှိမှုအပေါ် မူတည်ကာ အနီးဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် သွားမည်
Published 14 June 2019

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ပျူခေတ်(အေဒီ ၄ ရာစုခန့်)က စတင်ဆယ်ဖို့ခဲ့တဲ့ သမိုင်းဝင်ပင်တင်းရေ လှောင်ကန်(သို့)မောရဂီဝါကန်တော်ရဲ့ ပြုပြင်ရန်ကျန်ရှိနေသည့်အပိုင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ပြုပြင်နိုင်ရန်ဆောင်ရွက်ပေးသွားမယ်လို့စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာဖြေကြားခဲ့ပါတယ် ။

Most Viewed

Most Recent