ချောင်းဦးမြို့နယ်ရှိ ချင်းတွင်းတာတောင်ပိုင်းကျောက်ရိုးစီခြင်းလုပ်ငန်းထက် အခြားအရေးကြီးသည့် လုပ်ငန်းများ ရှိနေခြင်းကြောင့် ရန်ပုံငွေခွဲဝေမှုမရရှိခဲ့ဟု စစ်ကိုင်းတိုင်းစိုက်/မွေးဝန်ကြီးပြော
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှာ နှစ်စဉ်ချင်းတွင်းမြစ်ရေကြီးရေလျှံမှုများဖြစ်ပေါ်နေလျက်ရှိပြီး ချင်းတွင်းတာ တောင်ပိုင်း ကျောက်ရိုးစီခြင်းလုပ်ငန်းထက် အခြားအရေးကြီးတဲ့လုပ်ငန်းများရှိနေတဲ့အတွက် ရန်ပုံငွေ ခွဲဝေမှုမရရှိခဲ့ဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံက ပြောပါတယ်။